Friday, September 14, 2007

What is Phaung Daw Oo ?

ဖောင်တော်ဦး ဆိုတာ ကျောင်းလေးတစ်ကျောင်းပါ။ အဲ့ဒီကျောင်းမှာ အများမျှော်လင့်နေကြဖူးတဲ့ အခမဲ့ ပညာရေး စနစ်ဆိုတာကို အကောင်အတည် ဖော်ထားတယ်။ မိဘမဲ့ကလေးတွေ ကို စောင့်ရှောက်တယ်။ အခမဲ့ ပညာရေး သင်ကြားပေးတယ်။ အခမဲ့ဆိုလို့ ဖြစ်သလိုဆောင်ရွက် နေကြတာမျိုးတော့ လုံးဝမဟုတ်ရပါဘူး။ မန္တလေးမြို့ နန်းရှေ့ အနီးတ၀ိုက်က ငွေကြေးမတတ်နိုင်ရှာတဲ့ ကျောင်းနေအရွယ် ကလေးငယ်တွေ၊ တိုင်းရင်းသား လူမျိုးစု ကလေးငယ်တွေကို အခမဲ့ သင်ကြားပေးနေပါတယ်။ ဆရာ/ဆရာမ အင်အားပေါင်း များစွာနဲ့ ကလေးတွေရဲ့ အနာဂါတ်ကို အကောင်းဆုံး အရောင်ခြယ်ပေး နေတဲ့နေရာလေးပါ။ ယခုအချိန်တွင် ကျောင်းသား/ ကျောင်းသူပေါင်း (၇၂၂၅)ဦးအား ဆရာ/ဆရာမ (၁၄၇)ဦးမှ ပညာသင်ကြားပေးနိုင်ပြီ ဖြစ်ပါသည်။ ဖောင်တောင်ဦး ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း လေးမှာ ယခုဆိုလျှင် တွဲဖက် အထက်တန်း ကျောင်း အဆင့်ပင် ရောက်ရှိနေပြီ ဖြစ်ပါသည်။

Our Priority Goal

ဖောင်တော်ဦး ကျောင်းတော်ကြီးတွင် ကျောင်းသား ကျောင်းသူများ (ပညာရေးကို လိုလားသူများ) ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်

(၁) ဤကျောင်းတော်တွင် မည်သည့် ကျောင်းဝင်ကြေး ကျောင်းထွက်ကြေးမျှ ပေးရန်မလိုပါ၊

(၂) ဤကျောင်းတော်တွင် မည်သည့် လစဉ်ကြေး နှစ်စဉ်ကြေးမျှ ပေးရန်မလိုပါ၊

(၃) ဤကျောင်းတော်တွင် မည်သည့် ဆရာကန်တော့ ကြေးမျှမရှိပါ မည်သည့်ကြေးမျှ ပေးရန်မလိုပါ၊

Aim of Phaung Daw Oo

ဤကျောင်းတော်ကြီးတည်ထောင်ရခြင်း၏ အဓိကရည်ရွယ်ချက်များ

၁။ မိဘမဲ့ကလေးများ ၊ ပညာရေး ကင်းကွာနေသော ကျေးလက်ဒေသ မှကလေးများအား အထူး ရည်ရွယ် ဖွင့်လှစ်ထားသည်။
၂။ ထိုကလေးများအား သင်ကြားပေးနေသော ဆရာ ဆရာမများ၏ ဖြူစင်သော စိတ်ထားနှင့် လုပ်ရည် ကိုင်ရည် တို့အား တိုးမြှင့်ပေးရန်။
၃။ ကျန်းမာရေး အတွက် လုံခြုံမှု ပေးနိုင်သော ပတ်ဝန်းကျင် တစ်ခု တည်ဆောက်ရန်။
၎။ မိဘမဲ့ကလေးများနှင့် တိုင်းရင်းသား လူမျိုးခြား ကလေးများအား လိုအပ်သော အစားအစာ၊ အ၀တ်အထည်နှင့် ပညာရေးများ ကိုထောက်ပံ့ရန်။
၅။ လမ်းပေါ် ရောက်နေသော ကလေးများ၏ ပညာရေး၊ နေရေးထိုင်ရေးနှင့် ကျန်းမာရေး အခြေအနေကို ထောက်ပံ့မှု ပေးနေသည့် အဆောက်အအုံကို (ကျောင်းအဆောင်) ကို တိုးမြှင့်ရန်။
၆။ ကလေးများ၏ နေ့ခင်းအစားအစာကို အာဟာရ ဖြစ်စေသော အစားအစာဖြင့် ကျွေးမွေးလှူဒါန်းရန်။
၇။ ဤကျောင်းတော် အတွက် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ အဖွဲ့စည်းများကို တည်ထောင်ရန်။

Background of Phaung Daw Oo

ဖောင်တော်ဦး ကျောင်းတော်ကြီးကို ၁၉၉၃ ခုနှစ်တွင် ဆရာတော် နှစ်ပါးမှ စတင် တည်ထောင်ခဲ့သည်။ ပညာရေး လိုအပ်နေသည့် အမှန်တကယ် ဆင်းရဲပြီး ပညာရေး လိုအပ်နေသော ပတ်ဝန်းကျင်တွင် တည်ရှိသည်။ ထိုပတ်ဝန်းကျင် တွင်ရှိသော မိသားစုများသည် ပညာရေးအတွက် အထောက်အပံ့ မပေးနိုင်သူများသာ ဖြစ်ကြသည်။ ထို့ကြောင့် ၁၉၉၃ ခုနှစ်မှစတင်၍ ယခုတိုင် ကျောင်းသား ကျောင်းသူများအား အခမဲ့ ပညာသင်ယူနိုင်ရန် အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ဤကျောင်းတော်တွင် ပညာသင်ကြားလျှက် ရှိကြသော ကျောင်းသား ကျောင်းသူ အများစုသည် ဆင်းရဲသော ကျေးလက်ဒေသများ နှင့် မဖွံ့ဖြိုးသေးသော တိုင်းရင်းသား ကျေးရွာများတွင် နေထိုင်သည့် မိဘများမှ ပေါက်ဖွားလာကြသူများ ဖြစ်ကြသည်။

To The Top

Wednesday, September 12, 2007

Fanction of Phaung Daw Oo

ကျောင်းတွင် စာသင်ကြားမှု အပိုင်းတွင် သာမက အခြားလူမှုရေးဆိုင်ရာ လုပ်ငန်းများ ကိုလည်း တတ်နိုင် သလောက် ဆောင်ရွက်လျှက် ရှိသည်။ ကျောင်းကြီး၏ လုပ်ဆောင်မှု ဆိုင်ရာ ဆောင်ရွက်ချက်များမှာ -

(၁) သင်ကြားမှုဆိုင်ရာ အဖွဲ့အစည်းများ

(၂) ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းများ

(၃) မိဘမဲ့ကလေးကျောင်း

(၄) အာဟာရကျွေးမွေးရေးအဖွဲ့အစည်း

(၅) အသက်မွေးဝမ်းမှုဆိုင်ရာသင်တန်းများ

(၆) ကွန်ပျူတာသင်တန်းများ

(၇) စက်ချုပ်သင်တန်းများ

(၈) လက်သမားသင်တန်းများ

(၉) ကားဝပ်ရှော့

(၁၀) စာကြည့်တိုက်

(၁၁) အော့ဖ်ဆက်လုပ်ငန်း

Tuesday, September 11, 2007

Teacher In Phaung Daw Oo

၂၀၀၇ ခုနှစ်တွင် ဆရာ/ဆရာမများ အင်အား

No.

Duty

Male

Female

Total

1

Principals

2

-

2

2

Senior teachers

20

28

48

3

Junior teachers

7

38

45

4

Primary teachers

10

40

50


Office, Library

5

20

25

Total all

44

126

170

Monday, September 10, 2007

The List of PDO teachers and Students Yearly

နှစ်အလိုက် ဖောင်တော်ဦးကျောင်း၏ ဆရာ/ဆရာမ နှင့် ကျောင်းသား/သူ အခြေပြဇယား

No.

Year

Teachers

Students

1

1993/1994

10

394

2

1994/1995

15

793

3

1995/1996

20

999

4

1996/1997

23

1125

5

1997/1998

24

1797

6

1998/1999

27

1924

7

1999/2000

30

2347

8

2000/2001

39

3603

9

2001/2002

61

6093

10

2002/2003

120

6992

11

2003/2004

108

5898

12

2004/2005

108

5885

13

2005/2006

130

6390

14

2006/2007

148

7276

15

2007/2008

147

7225


Top